ကုလအစီရင်ခံစာအရ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရေခဲမြစ်များမှ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်မတိုင်ခင် ပျောက်ကွယ်သွားနိုင်ဖွယ်ရာရှိ

(GMT+08:00)2022-11-07 14:53:31  

       ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကုလသမဂ္ဂ UNESCOအဖွဲ့မှ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်း ရာသီဥတု ပူနွေးလာမှုကြောင့် ကမ္ဘာ့အမွေအနှစ်ဒေသရှိ နာမည်ကျော် ရေခဲမြစ်အချို့သည် ၂၀၅၀ ပြည့်နှစ်မတိုင်ခင် ပျောက်ကွယ်သွားနိုင်ဖွယ်ရာရှိကြောင်း၊ ၄င်းတို့ထဲတွင် အီတလီနိုင်ငံ Dolomitesတောင်၊ အမေရိကန်နိုင်ငံYellowstone နိုင်ငံတော်ဥယျာဉ်၊ Yosemite နိုင်ငံတော်ဥယျာဉ်နှင့် တန်ဇန်းနီးယားနိုင်ငံ Kilimanjaro တောင်ရှိ ရေခဲမြစ်များ ပါဝင်ကြောင်း သတင်းအရ သိရပါသည်။