NASA Artemis 1 လနေဒုံးပျံကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွှတ်တင်မည်

(GMT+08:00)2022-11-07 14:54:20  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃ ရက်နေ့ ညသန်းခေါင်အချိန်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Kennedy အာကာသစခန်းရှိ Artemis 1 လနေဒုံးပျံကို ဒုံးပျံပို့ဆောင်ရေး ကိရိယာတပ်ဆင်ရေးအဆောက်အအုံမှ 39B လွှတ်တင်ရေးစခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ NASA သည် ယခုလ ၁၄ ရက်နေ့တွင် အဆိုပါ ဒုံးပျံကိုလွှတ်တင်ရန် စီစဉ်ထားပါသည်။ ယခင်က လွှတ်တင်မှု နှစ်ကြိမ်မှာ မအောင်မြင်ခဲ့ပေ။