ဝန်ကြီးချုပ်ဟောင်း Imran Khan တိုက်ခိုက်မှုခံခဲ့ရခြင်းကြောင့် ပါကစ္စတန်နိုင်ငံ ဒေသ များစွာ၌ အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲများ ကျင်းပ

(GMT+08:00)2022-11-06 14:38:51  

ယခုလ ၃ရက်နေ့ ညနေပိုင်းက ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan သည် ဆန္ဒပြနေစဉ် သေနတ်ပစ်ခတ်မှု ခံခဲ့ရပြီး ခြေတောက်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့်လူတစ်ဦး သေဆုံးပြီး Imran Khan နှင့် ပါကစ္စတန် Tehreek-e-Insaf ပါတီမှ အဆင့်မြင့် အဖွဲ့ဝင်များ အပါအ၀င် စုစုပေါင်း ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အစ္စလမ္မာဘတ်မြို့တော်၊ အဓိကမြို့ဖြစ်သည့် လာဟိုလ်နှင့် ကာရာချီ စသောဒေသများ၌ Imran Khanအား ထောက်ခံသူများသည် အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲများကို ကျင်းပနေကြကြောင်း ပါကစ္စတန် “Down” သတင်းစာမှ ၄ရက်နေ့ထုတ် သတင်းအရ သိရပါသည်။