ရေကြီးမှုကြောင့် နိုင်ဂျီးရီးယားတွင် အိမ်နှင့် လယ်ယာမြေအများအပြား ရေမြုပ်သွား

(GMT+08:00)2022-11-06 14:37:55  

ယခုနှစ် မိုးရာသီတွင် နိုင်ဂျီးရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ၁၀နှစ်အတွင်း အဆိုးရွားဆုံးသော ရေဘေးဒုက္ခခံခဲ့ရပြီး ရာနှင့်ချီသောလူများ သေဆုံးသွားကာ လူ ၁ သန်း ၃ သိန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ လယ်ယာမြေ၊ လမ်းနှင့် အခြား အရေးကြီးသော အခြေခံအဆောက်အအုံများစွာ ရေမြုပ်ခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ဒေသန္တရအစိုးရတို့က အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဘေးသင့်သူများအား ထောက်ပံ့ကူညီမှုပေးကာ ဘေးအန္တရာယ် ထိခိုက်မှုကို လျှော့ချသွားရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ထုန်ပြန်သော သတင်းကို ကိုးကား၍ အမေရိကန် AP သတင်းဌာနက မကြာမီက ရေးသားဖော်ပြခဲ့ပါသည်။