အလေးချိန်၁၈တန်ရှိ ကမ္ဘာ့အကြီးဆုံးသော ပလတ်စတစ်အမှိုက် ပိရမစ်

(GMT+08:00)2022-11-05 14:10:52  

နိုဝင်ဘာလ ၃ ရက်နေ့က COP ၂၇ အစည်းအဝေးမကျင်းပမီတွင် ကမ္ဘာ့ အကြီးဆုံးသော ပလတ်စတစ်အမှိုက်များဖြင့် ဆောက်လုပ်ထားသည့် ပိရမစ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ရှိခဲ့သည်။ ယင်းသည် "100YR CLEANUP" ဟု ခေါ်သော လှုပ်ရှားမှု တစ်ရပ်၏ စတင်ခြင်းကို ပြဆိုနိုင်သည်။

အလေးချိန် ၁၈ တန်ရှိ အဆိုပါ ကြီးမားသော အဆောက်အအုံကို ၅ ရက်ကြာ ပြီးမြောက်အောင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၃ ထပ်တိုက်ထက် ပိုမြင့်သည်ဟု သိရသည်။