လှပသော ကျေးရွာအုပ်စုတွင် ကျင်းပသည့် စပါးယဉ်ကျေးမှုပွဲတော်

(GMT+08:00)2022-11-05 14:16:40  

ယခုတလော တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ယူစန်းကျေးရွာအုပ်စု တရုတ်မိုတစ်ထောင် ကျယ်ဝန်းသော ပြည်နယ်အဆင့် စားနပ်ရိက္ခာ ထွက်ရှိမှုဇုန်တွင် ကောက်ပဲသီးနှံအထွက်ကောင်းခြင်းကို အဓိကဆောင်ပုဒ်အဖြစ်ထားသော စပါးယဉ်ကျေးမှု ပွဲတော်ကို ကျင်းပခဲ့ရာ ကောက်ပဲသီးနှံအထွက်ကောင်းခြင်းပျော်ရွှင်မှုကို မြို့သူမြို့သား များနှင့် ခရီးသည်များအား လာရောက်ကြည့်ရှုခံစားရန် ဆွဲဆောင်ခဲ့ပါသည်။

ယခုနှစ်များအတွင်း ယူစန်းကျေးရွာအုပ်စုသည် တရုတ်မိုတစ်ထောင်ကျယ်ဝန်းသော ပြည်နယ်အဆင့် စားနပ်ရိက္ခာ ထွက်ရှိမှုဇုန်ကို အခြေခံပြီး ခေတ်မီလယ်ယာစိုက်ပျိုးရေး နှင့် စပါးယဉ်ကျေးမှုဆန်းသစ်တီထွင်ရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ကာ ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေးနှင့် အတူချမ်းသာလာရေးကို အကျိုးပြုစွမ်းဆောင်ခဲ့ပါသည်။