စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံ ဖွင့်လှစ်တော့မည်

(GMT+08:00)2022-11-05 14:13:00  

   နိုဝင်ဘာလ ၃ ရက်နေ့က ၁၄ကြိမ်မြောက် စိမ့်မြေ သဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများ ညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို တရုတ်နိုင်ငံ ဝူဟန့်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ညီလာခံကျင်းပစဉ်အတောအတွင်း စိမ့်မြေ သဘောတူစာချုပ် အတွင်းရေးမှူးရုံးသည် “နိုင်ငံတကာ စိမ့်မြေ မြို့ပြ” သစ် ၂၅ ခုတို့အား အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ “နိုင်ငံတကာ စိမ့်မြေ မြို့ပြ” ၄၃ ခု အနက် တရုတ်နိုင်ငံတွင် ၁၃ ခုရှိကြောင်း သိရပါသည်။