ရုရှားနိုင်ငံသည် စားနပ်ရိက္ခာတင်ပို့မှု သဘောတူညီချက်ကို ပြန်လည်ကျင့်သုံး၊ စားနပ်ရိက္ခာ ပို့ဆောင်ရေးသင်္ဘော ၇ စင်းဆိပ်ကမ်းမှ ထွက်ခွာသည်ဟု ယူကရိန်းဆို

(GMT+08:00)2022-11-04 16:52:44  

ပင်လယ်နက်ဆိပ်ကမ်းများမှ လယ်ယာထွက်ကုန်များ တင်ပို့ခြင်းဆိုင်ရာ သဘော တူညီချက်ကို ရုရှားဘက်က ပြန်လည်စတင်ရန် ဆုံးဖြတ်ပြီးနောက် ယူကရိန်းသက်ဆိုင်ရာ ဌာနကစားနပ်ရိက္ခာ ပို့ဆောင်ရေးသင်္ဘော ၇ စင်းသည် နိုဝင်ဘာ ၃ ရက်တွင် ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း ပြောကြားခဲ့သည်။

      လယ်ယာထွက်ကုန်တင်ပို့မှု သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး ကတည်းက ကုန်တင်သင်္ဘောအစင်း ၄၃၀ သည် ယူကရိန်းလယ်ယာထွက်ကုန် တန်ချိန် ၁၀ သန်းကိုတင်ဆောင်ပြီး ပင်လယ်နက်ဆိပ်ကမ်းများမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။