(၁၄) ကြိမ်မြောက် စိမ့်မြေသဘောတူညီချက် ညီလာခံ အဆင်သင့်ဖြစ်ပြီ၊ ညီလာခံသို့ ကိုယ်စားလှယ် ၁၁၀၀ ခန့် တက်ရောက်မည်

(GMT+08:00)2022-11-04 17:02:34  

(၁၄) ကြိမ်မြောက် စိမ့်မြေသဘောတူညီချက် ညီလာခံကို ၅ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန့်မြို့၌ အဓိကထား ကျင်းပမည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌လည်း ညီလာခံခွဲအဖြစ် တစ်ခါတည်းကျင်းပမည်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၌ အဆိုပါ နိုင်ငံတကာစိမ့်မြေအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် ညီလာခံကို စိမ့်မြေကိုမြတ်နိုးပြီး တန်ဖိုးထားရေး၊ လူနှင့် သဘာဝ၊ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်ရေးဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ၁၄၂ ခုမှ ကိုယ်စားလှယ် ၁၁၀၀ ခန့် ယင်းအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ ယခုအချိန်တွင် ညီလာခံ ကျင်းပရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း သိရပါသည်။