လီခေ့ချန် သည် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00)2022-11-04 20:30:36  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန် သည် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၃ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပမည့် ၂၅ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ထိပ်သီး ခေါင်းဆောင်များအစည်းအဝေး၊ ၂၅ကြိမ်မြောက်အာဆီယံ-တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (၁၀+၃) ထိပ်သီးခေါင်းဆောင်များအစည်းအဝေးနှင့် ၁၇ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါ သည်။