စီးပွားရေးကျဆင်းမှုကို စိုးရိမ်ပြီး ကန်သိပ္ပံနည်းပညာကုမ္ပဏီများသည် ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်

(GMT+08:00)2022-11-04 16:55:47  

ငွေကြေးဖေါင်းပွမှုနှင့် စီးပွားရေးကျဆင်းမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် အမေရိကန် သိပ္ပံနည်းပညာကုမ္ပဏီများသည် ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ရန် သို့မဟုတ် အလုပ်ခေါ်ခြင်းရပ်စဲရန် ယခုတလော ဆုံးဖြတ်ကြပါသည်။

ဒေသစံတော်ချိန် နိုဝင်ဘာလ ၃ရက်နေ့က အမေရိကန် အဓိက အွန်လိုင်းငွေပေးချေမှု ကုမ္ပဏီတစ်ခုသည် ငွေကြေးဖေါင်းပွမှု အဆက်မပြတ်ပြင်းထန်ခြင်း၊ အတိုးနှုန်း ပိုမို မြင့်မားခြင်းနှင့် စွမ်းအင်အကျပ်အတည်းများနှင့် ရင်ဆိုင်ရန်အတွက် ၎င်းကုမ္ပဏီ၏ဝန်ထမ်း (၁၄)ရာခိုင်နှုန်းခန့်ကို အလုပ်မှ ထုတ်ပယ်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း (၁၁၀၀)ခန့် ထိခိုက်မှုခံရမည်ဟု ခန့်မှန်းကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် Meta ပလက်ဖေါင်း ကုမ္ပဏီ၊ Alphabet ကုမ္ပဏီစသော အမေရိကန်အကြီးစား သိပ္ပံနည်းပညာ ကုမ္ပဏီများ သည်လည်း ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်မည် သို့မဟုတ် အလုပ်ခေါ်ခြင်း ရပ်စဲမည်ဟု ယခုတလော ထုတ်ပြန်ခဲ့ကြပါသည်။