ရှီကျင့်ဖိန်သည် တိုင်ဖုန်းကြောင့် ထိခိုက်ဆုံးရှုံးမှုခံရခြင်းအပေါ် ဖိလစ်ပိုင်သမ္မတအား နစ်သိမ့် အားပေးကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-11-04 17:04:16  

နိုဝင်ဘာလ ၃ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တိုင်ဖုန်းကြောင့် ထိခိုက်ဆုံးရှုံးမှု ခံရခြင်းအပေါ် ဖိလစ်ပိုင်သမ္မတ မာစကိုအား နစ်သိမ့်အားပေးကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ရှီကျင့်ဖိန်က ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းကြောင့် လူသေကျေအနာတရဖြစ်မှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု ဆိုးရွားစွာ ခံခဲ့ရခြင်းကို သိရှိရကြောင်း၊ မိမိအနေနှင့် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား ဘေးသင့်သူများအတွက် ဝမ်းနည်းကြေကွဲကြောင်း၊ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအား နစ်သိမ့်အားပေးကြောင်းကို ဖော်ပြပါကြောင်း၊ သမ္မတမာစကိုနှင့် ဖိလစ်ပိုင်အစိုးရ၏ ခေါင်းဆောင်မှုဖြင့် ဘေးသင့်ရာဒေသရှိ ပြည်သူများ သဘာဝ ဘေးအန္တရာယ်ကို ကျော်လွှားပြီး ၄င်းတို့ ၏ နေအိမ်များကို ပြန်လည်တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်ပြည်အနေနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ဖိလစ်ပိုင်အား တတ်နိုင်သမျှ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြပါသည်။