တရုတ်နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲကို ကျင်းပတော့မည်

(GMT+08:00)2022-11-04 17:00:27  

၁၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲကို  ယခုလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျူးဟိုင်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုလ ၃ ရက်နေ့တွင် YY-20 ၊ Y-20 စသည့်လေယာဉ်များနှင့် ပါးယီ အလှပြပျံသန်းမှုအဖွဲ့တို့သည် တရုတ် နိုင်ငံတကာလေကြောင်းနှင့်အာကာသပြပွဲကျင်းပရာနေရာသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအကြိမ်ပြပွဲတွင် ပရိသတ် များသည် ပထမဆုံးအကြိမ် ပြသမည့် တရုတ်အာကာသစခန်း ပုံတူကို ကြည့်ရှုနိုင်ပြီး အာကာသယာဉ်မှူးများ၏ အာကာသပတ်လမ်းကြောင်းကဘဝကို ခံစားနိုင်ရုံသာမက ပထမဆုံး အကြိမ် ပြသသော ကုန်းရေနှစ်သွယ် မောင်းသူမဲ့ တိုက်ခိုက်ရေးယာဉ် စသည့် လက်နက်ပစ္စည်းကိရိယာများကိုလည်း အနီးကပ် ကြည့်ရှုနိုင်ကြောင်း သိရပါသည်။