ရှီကျင့်ဖိန်သည် တန်ဇန်းနီးယားသမ္မတ ဟာဆန်နှင့် တွေ့ဆုံ

(GMT+08:00)2022-11-04 17:05:18  

နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ ခန်းမဆောင်ကြီး တရုတ်ပြည်သို့ လာရောက်ခရီးလှည့်လည်ခဲ့သော တန်ဇန်းနီးယားသမ္မတ ဟာဆန် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-တန်ဇန်းနီးယား ဆက်ဆံမှုသည် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုအဖြစ် မြှင့်တင်ကြောင်း ကြေညာ ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်အနေနှင့် တရုတ်-တန်ဇန်းနီးယားဆက်ဆံမှုကို မဟာဗျူဟာရှုထောင့်မှ အမြဲ ရှုမြင်ထားပြီး တရုတ်ပြည်က တန်ဇန်းနီးယား၏ ယုံကြည်နိုင်သော မိတ်ဖက်ဖြစ်မြဲဖြစ်နေကြောင်း၊ နှစ်ဖက်အနေနှင့် တရုတ်-တန်ဇန်းနီးယားဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို လမ်းညွှန်ချက်အဖြစ်ထားပြီး လာမည့်အဆင့် နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

ဟာဆန်က တန်ဇန်းနီးယားသည် ထိုင်ဝမ်၊ ရှင်းကျန်းနှင့် ဟောင်ကောင်ရေးရာကဲ့သို့သော တရုတ်ပြည်၏ အဓိကအကျိုးစီးပွားနှင့်ပတ်သက်သော ကိစ္စရပ်များတွင် တရုတ်ပြည်အား ခိုင်မာစွာ ထောက်ခံအားပေးမည်ဖြစ်ကြောင်း၊ လူသား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက် တရုတ်ပြည်နှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။