ဘိုလီဗီးယားနိုင်ငံမှ ဒုတိယအကြီးဆုံးရေကန် ခန်းခြောက်သဖြင့် ဒေသခံ ဝူရူလူမျိုး အသက်မွေးဝမ်းကျောင်း ခက်ခဲလာ

(GMT+08:00)2022-11-04 17:03:20  

ဘိုလီဗီးယားနိုင်ငံမှ ဒုတိယအကြီးဆုံးရေကန်ဖြစ်သည့် ပိုပိုကန်သည် ယခင်က ရေပေါ များပြီး ငါးပမာဏလည်း အလွန်များပြားသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ တစ်ဝန်း တွင် ရာသီဥတုပြောင်းလဲမှုအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ပိုပိုကန် ရေမျက်နှာပြင် အဆက်မပြတ် ကျဆင်းလာပြီး ဧရိယာလည်း ကျုံ့သွားသဖြင့် ငါးဖမ်းလုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကျောင်းသည့် ဒေသခံ ဝူရူလူမျိုး အချို့ အခြားနေရာများသို့  ပြောင်းရွှေ့သွားကြသည်။ ခြောက်သွေ့လုနီးပါးဖြစ်လာသည့် ပိုပိုကန် နားတွင် ကျန်ရှိနေသောဒေသခံများ ခက်ခက်ခဲခဲနေထိုင်ကြရသည်။