ဒေသစံတော်ချိန် နိုဝင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတကာစွမ်းအင်အေဂျင်စီသည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ၊ ၂၀၂၃ ခုနှစ် ဆောင်းရာသီ၌ ဥရောပတိုက်တွင် သဘာဝ ဓါတ်ငွေ့ချို့တဲ့မှုအန္တရာယ်ရှိနိုင်မည်ဟု ဖေါ်ပြပါသည်။
ရုရှားနိုင်ငံမှ ဥရောပအား သဘာဝဓါတ်ငွေ့တင်ပို့မှုကို လုံးဝဖြတ်တောက်ပါက ဥရောပ တိုက်သည် သဘာဝဓါတ်ငွေ့ ကုဗမီတာ ဘီလီယံ(၃၀)ခန့် ချို့တဲ့မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဥရောပတိုက်၌ သဘာဝဓါတ်ငွေ့သိုလှောင်ရေးပမာဏသည် ယခုနှစ်၏ (၉၅)ရာခိုင်နှုန်းအစား (၆၅)ရာခိုင်နှုန်းသာ ရှိနိုင်ကြောင်း ခန့်မှန်းရပါသည်။
ထို့ကြောင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဥရောပနိုင်ငံများအား ပြည်တွင်း လိုအပ်ချက်ကို မြန်ဆန်စွာလျှော့ချရန် ပန်ကြားခဲ့ပါသည်။