ကွေ့ကျိုးပြည်နယ်မှ ရွာသူရွာသားများက ကြွက်နားရွက်မှိုစိုက်ပျိုး

(GMT+08:00)2022-11-03 20:47:14  

နိုဝင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ယုံကျန်းခရိုင် ဒင့်ဝေး ကျေးရွာအုပ်စု ဒင့်တန့်ရွာရှိ ကြွက်နားရွက်မှိုစိုက်ပျိုးရေးစခန်းတွင် ရွာသူရွာသားများသည် ကြွက်နားရွက်မှိုစိုက်ပျိုးရန် သစ်သားချောင်းများကို ချထားနေကြပါသည်။

ယခုနှစ်များတွင် ဒင့်ဝေးကျေးရွာအုပ်စုသည် ဒေသထွက်သယံဇာတများ၏ အားသာချက်များကို အားကိုးပြီး ဈေးကွက်မှ "အော်ဒါများ" ကိုရရှိရန် တက်ကြွစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကာ ကြွက်နားရွက်မှိုစိုက်ပျိုးရေး တိုးတက်စေရန် ရွာသူရွာသားများကို ဦးဆောင်ခြင်းဖြင့် ၄င်းတို့၏ ဝင်ငွေတိုးပွားစေမည့် လမ်းကြောင်းများကို တိုးချဲ့ရန် ကူညီ ပေးခဲ့ပါသည်။