
၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲနှင့် ဟုန်ချောင် (Hongqiao) နိုင်ငံတကာစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဗီဒီယိုအသွင်ပုံစံဖြင့် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုကျွေထင်က နိုဝင်ဘာလ ၃ရက်နေ့တွင် ကြေညာခဲ့ပါသည်။









