
နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက ပဉ္စမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ CIIE ကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် တရုတ်ကွန်မြူနစ် ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံကို ကျင်းပ ပြီးစီးပြီးနောက် တရုတ်နိုင်ငံတွင် ကျင်းပသော ပထမဦးဆုံးနိုင်ငံတကာပြပွဲကြီး ဖြစ်ကြောင်း၊ ယခုနှစ် CIIE တွင် ပါဝင်ပြသသောနိုင်ငံပိုမိုများပြားပြီး အကြောင်းအရာပိုမိုကြွယ်ဝကာ ကုန်ပစ္စည်းအရည်အသွေးပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ယခုနှစ် CIIE ကို အောင်မြင်စွာကျင်းပခြင်းသည် ယခုနှစ် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်း၏ မီးမောင်းထိုးပြမှုတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။









