တောင်ကိုရီးယားလူထု၏ CPR (အရေးပေါ်အသက်ကယ်ပြုစုနည်း) သင်ယူလိုစိတ် မြင့်တက်လာ

(GMT+08:00)2022-11-03 20:15:08  

 တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပြင်းထန်သော လူအုပ်ကြီးတိုးဝှေ့နင်းမိမှု ဖြစ်ပွား ပြီးနောက် တောင်ကိုရီးယားနိုင်ငံသား အများအပြားသည် CPR (အရေးပေါ်အသက်ကယ်ပြုစုနည်းသင်တန်း) သင်ယူရန်အစီစဉ်ရှိပြီး လိုအပ်မှု ရှိသောအချိန်တွင် သူများကို ကူညီနိုင်ရန်ဖြစ်ကြောင်း သိရပါသည်။

 လူအုပ်ကြီးတိုးဝှေ့နင်းမိမှုဖြစ်ပွားပြီးနောက် တောင်ကိုရီးယားကြက်ခြေနီအသင်းရုံးချုပ်နှင့် ဆိုးလ်မြို့အသင်းခွဲအသီးသီးမှ လက်ခံရရှိခဲ့သော CPR သင်ယူမှုဆိုင်ရာ စုံစမ်းမေးမြန်းမှု အရေအတွက်သည် ၁ ဆကျော် တိုးများလာခဲ့ကြောင်း သိရပါသည်။