အမေရိကန်မှလေယာဉ်တစ်စင်းသည် လေယာဉ်ခန်းတွင် မီးခိုးများကြောင့် အရေးပေါ်ဆင်းသက်

(GMT+08:00)2022-11-03 20:36:48  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့က အမေရိကန် Delta Air Lines လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်းသည် လေယာဉ်ပျံသန်းစဉ်အတွင်း လေယာဉ်ခန်းတွင် မီးခိုးများ တွေ့ရှိခဲ့ခြင်းကြောင့် အရေးပေါ် ဆင်းသက်သွားကြောင်း အမေရိကန် မီဒီယာများမှ သတင်းအရ သိရပါသည်။

အဆိုပါ လေယာဉ်သည် မူလက အတ္တလန္တာမှ လော့စ်အိန်ဂျလိစ်သို့ ပျံသန်းရန် စီစဉ်ထားပြီး လေယာဉ်ပျံသန်းစဉ်အတွင်း မောင်းသူနှင့် ခရီးသည်များထိုင်ကြသည့် လေယာဉ်ခန်းများတွင် မီးခိုး ထွက်လာသည်။ လေယာဉ်အမှုထမ်းများသည် လေယာဉ် ပျက်စီးချို့ယွင်းမှု အချက်အလက်ကို တင်ပြပြီးနောက် နယူးမက္ကဆီကိုပြည်နယ် အယ်ဘူကယ်ကီ နိုင်ငံတကာလေဆိပ်၌ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ မျက်မှောက်အချိန်အထိ လေယာဉ်ခန်းတွင် မီးခိုးထွက်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ FAA က အဆိုပါ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ကြေညာကြောင်း China Media Group မှ သတင်းအရ သိရပါသည်။