ပိုင်ဟော့ထန်း ရေအားလျှပ်စစ်စက်ရုံ၏ နံပါတ် (၁၁) စက်အုပ်စု တရားဝင် လည်ပတ်

(GMT+08:00)2022-11-03 20:17:02  

နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်း ၆ နာရီ ၃၅ မိနစ်တွင် ကမ္ဘာပေါ်တွင် ဆောက်လုပ်နေဆဲ အကြီးဆုံးရေအားလျှပ်စစ်စက်ရုံ ပိုင်ဟော့ထန်းရေအားလျှပ်စစ်စက်ရုံ (Baihetan Dam) ၏ နံပါတ် (၁၁) စက်အုပ်စုကို ၇၂ နာရီ စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး တရားဝင် လည်ပတ်ခဲ့ပါသည်။  နံပါတ် (၁၁) စက်အုပ်စု သည် စက်တစ်လုံး စက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၁ သန်းရှိပြီး လက်ရှိကမ္ဘာပေါ်တွင် စက်တစ်လုံး စက်တပ်ဆင်မှုပမာဏ အကြီးဆုံးသော ရေအားလျှပ်စစ် စက်အုပ်စုဖြစ်ပါသည်။

ပိုင်ဟော့ထန်းရေအားလျှပ်စစ်စက်ရုံသည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် နင်နန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျားခရိုင်တို့ ထိစပ်ရာ ကျင်းရှားမြစ်ကြောင်းပေါ်တွင်တည်ရှိပြီး စုစုပေါင်းစက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၁၆ သန်းရှိပါသည်။ အပြည့်အဝ ဆောက်လုပ် ပြီးစီးပါက မြစ်ကျဉ်းသုံးသွယ်ရေအားလျှပ်စစ်စက်ရုံ (Three Gorges Dam) ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ ဖြစ်လာမည် ဖြစ်သည်။ နှစ်ရှည် ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ ၆၂.၄၄၃ ဘီလီယံကီလိုဝပ်နာရီသို့ ရောက်ရှိလာမည် ဖြစ်ပြီး နှစ်စဉ် စံကျောက်မီးသွေးတန်ချိန် ၁၉.၆၈ သန်းချွေတာနိုင်ပြီး၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၅၂သန်းလျှော့ချနိုင်မည်ဖြစ်ပါသည်။