တံတားပြိုကျမှုကို သေသေချာချာစုံစမ်းစစ်ဆေးရမည်ဟု အိန္ဒိယ၀န်ကြီးချုပ်မိုဒီ အမိန့်ချ

(GMT+08:00)2022-11-03 20:29:41  

အိန္ဒိယ ၀န်ကြီးချုပ် မိုဒီသည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့တွင် အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၌ လွန်ခဲ့သည့်နှစ်ရက်က တံတား ပြိုကျသည့်နေရာသို့ သွားရောက်ခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ သေသေချာချာ စုံစမ်းစစ်ဆေးရန် အမိန့်ချခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ဂူဂျာရတ်ပြည်နယ် မိုဘီဒေသရှိ မီချူမြစ်ကိုဖြတ်၍ ကေဘယ်ကြိုးတံတားတစ်ခု အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ပျက်ကျခဲ့ပြီး လူအများအပြား ရေထဲသို့ ပြုတ်ကျခဲ့သည်။ လူအနည်းဆုံး ၁၃၅ ဦး သေဆုံးခဲ့ပြီး ၄င်းအနက် ကလေးငယ် အများအပြား ပါရှိကြောင်း ရဲဘက်မှ နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် တံတားပေါ်၌ အနည်းဆုံး လူ ၄၀၀ ရှိ၍ ဒီဇိုင်း တင်ဆောင်နိုင်မှုထက် ကျော်လွန်သွားသည့်အတွက် မတော်တဆမှုဖြစ်ရသော  အကြောင်းရင်းထဲကတစ်ခုလည်း ဖြစ်နိုင်ကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ်ဖော် ပါသည်။