တိုင်ဖွန်း Nalgae ကြောင့် ဖိလစ်ပိုင်၌ လူ(၁၂၂)ဦး သေဆုံးပြီဟု ဖိလစ်ပိုင်နိုင်ငံတော် ဘေးအန္တရာယ်လျှော့ချရေးကော်မတီ ဆို

(GMT+08:00)2022-11-03 20:22:00  

ဖိလစ်ပိုင်နိုင်ငံတော် ဘေးအန္တရာယ်လျှော့ချရေးကော်မတီသည် နိုဝင်ဘာလ           ၂ ရက်နေ့ညတွင် ကြေညာချက်ကိုထုတ်ပြန်ခဲ့ရာ၊ တိုင်ဖွန်း Nalgae ကြောင့် ဖိလစ်ပိုင်၌ သေဆုံးသူဦးရေ (၁၂၂) ဦးအထိ တိုးလာပြီး (၁၀၃)ဦး ဒဏ်ရာရရှိခဲ့ကာ (၃၆)ဦး ပျောက်နေသေး၍ (၃၃)သန်းကျော် ဘေးဒုက္ခခံနေရကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင် အရပ်သားကာကွယ်ရေးဝန်ကြီးဌာနမှ ၁ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သော ဘေးသင့်အခြေအနေကိန်းဂဏန်းနှင့် အဆိုပါကိန်းဂဏန်း အနည်းငယ် ကွာခြားကြောင်း၊ ဖိလစ်ပိုင် အရပ်သားကာကွယ်ရေးဝန်ကြီးဌာနမှ စာရင်းအရ Nalgae ကြောင့် လူ(၁၃၂)ဦး ထက်မနည်း သေဆုံးကြောင်း သတင်းရရှိပါသည်။