ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူးများသည် ထျန်းကွန်းအာကာသခရီးစဉ် နှင့်ပတ်သက်၍ အဆီယံလူငယ်များနှင့် ဆွေးနွေးဖလှယ်

(GMT+08:00)2022-11-02 15:56:45  

တရုတ်နိုင်ငံ၏ ထျန်းကွန်းအာကာသစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူးတို့သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် အာဆီယံ နိုင်ငံများမှ လူငယ်များနှင့် ဗီဒီယိုဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲသည် တရုတ်-အာဆီယံစင်တာနှင့် World Affairs စာအုပ်ထုတ်ဝေရေးဌာနများမှ ပူးတွဲကြီးမှူး ကျင်းပပြီး ပီကင်းမြို့တွင် အဓိကကျင်းပရာနေရာထားရှိကာ ဘရူနိုင်း၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်စသောနိုင်ငံများတွင် ကျင်းပရာနေရာခွဲများ ထားရှိခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ကိုယ်စားလှယ်တို့သည် မေးခွန်းများကို တက်ကြွစွာ မေးမြန်းကာ အာကာသယာဉ်မှူးချင်တုန်း၊ လျူယန်နှင့် ဆိုက်ရှုချယ်တို့ သုံးဦးက ၎င်းတို့ကို စိတ်ရှည် လက်ရှည်ဖြေကြားခဲ့ကြသည်။ အာကာသထဲတွင် မည်သည့်အလုပ်သည် အခက်ခဲဆုံး ဖြစ်သနည်းဟူသောမေခွန်းကို ဖြေကြားရာတွင် လျူယန်က မမေ့နိုင်ဖွယ်ရာသည် အာကာသယာဉ်မှ အပြင်ထွက်ခွာမှုဖြစ်ကြောင်း ဖြေကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။