ရှီကျင့်ဖိန်သည် ၃၁ ကြိမ်မြောက် အာရပ်နိုင်ငံများအဖွဲ့ချုပ် ထိပ်သီး ခေါင်းဆောင် ကောင်စီအစည်းဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-11-02 15:58:35  

ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အာရပ်နိုင်ငံများအဖွဲ့ချုပ်(LAS) ထိပ်သီးခေါင်းဆောင်ကောင်စီအစည်းဝေး၏ အလှည့်ကျ ဥက္ကဋ္ဌ အယ်လ်ဂျီးရီးယား သမ္မတ Tebboune ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ၃၁ ကြိမ်မြောက် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ထိပ်သီးခေါင်းဆောင်ကောင်စီအစည်းဝေးကို အယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျင်းပခြင်းကို ဂုဏ်ပြုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အယ်လ်ဂျီးရီးယားနိုင်ငံအပါအဝင် အာရပ်နိုင်ငံများနှင့် ချစ်ကြည်ရေးသည် ရေရှည်အားကောင်းကြောင်း၊ တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်          အတူ ခေတ်သစ် တရုတ်-အာရပ်နိုင်ငံများ ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ထောင်ပြီး တရုတ်-အာရပ်နိုင်ငံများကောင်းမွန်သော အနတ်ဂတ်ကို ဖန်တီးကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအတွက် အကျိုးဆောင်ရန် လက်တွဲကြိုးပမ်းလိုကြောင်း ပြောကြားခဲ့သည်။