၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲအတွက် ပြင်ဆင်မှုအားလုံးသည် အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီ

(GMT+08:00)2022-11-02 15:56:10  

၅ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ CIIE ကို ယခုလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းအားလုံးသည် အခြေခံအားဖြင့် ပြီးမြောက်ပြီဖြစ်ကြောင်း၊ ယခုနှစ် CIIE တွင် ပါဝင်ပြသသောနိုင်ငံပိုမိုများပြားပြီး အကြောင်းအရာပိုမိုကြွယ်ဝကာ  ကုန်ပစ္စည်းအရည်အသွေးပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ရာနှင့်ချီသော ထုတ်ကုန်အသစ်များ၊ နည်းပညာအသစ်များနှင့် ဝန်ဆောင်မှုအသစ်များကို ပြသသွားမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။