အနောက်နိုင်ငံများမှ ယူကရိန်းသို့ တင်ပို့သည့် လက်နက်များသည် မှောင်ခိုဈေးကွက်သို့ ဝင်ရောက် လာဖွယ်ရှိကြောင်း ဖင်လန်နိုင်ငံတော် စုံစမ်းစစ်ဆေးရေးဌာနဆို

(GMT+08:00)2022-11-02 15:53:29  

အောက်တိုဘာလ ၃၀ ရက်တွင် ဖင်လန်နိုင်ငံ အသံလွှင့်ဌာန ဝက်ဘ်ဆိုဒ်သည် ဖင်လန်နိုင်ငံတော် စုံစမ်းစစ်ဆေးရေးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ ပြောဆိုချက်ကိုကိုးကား၍ ဖင်လန်နိုင်ငံတော် စုံစမ်းစစ်ဆေးရေးဌာနမှ ရရှိသည့် ပဏာမအချက်အလက်များအရ ယူကရိန်းမှ ဖင်လန်နိုင်ငံသို့ တရားမဝင် လက်နက်မှောင်ခိုကူးသည့် လမ်းကြောင်းကို ဖွင့်လှစ်ထားပြီဟု သိရှိပါကြောင်း၊ နိုင်ငံအသီးသီးမှ ယူကရိန်းနိုင်ငံသို့ ပေးပို့သော လက်နက် ပစ္စည်းအချို့သည် ဖင်လန်နိုင်ငံသို့ ဝင်ရောက်ခြင်း အရိပ်အယောင်များရှိပါကြောင်း၊ ထို့အပြင် ယူကရိန်းသို့ မူလရည်ရွယ်ထားပြီး ပို့ဆောင်ရသည့် လက်နက်များကို ဆွီဒင်၊ ဒိန်းမတ်နှင့် နယ်သာလန်တို့တွင်လည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

      အနောက်နိုင်ငံများမှ ယူကရိန်းသို့ တင်ပို့သည့် လက်နက်များ ၇၀ ရာခိုင်နှုန်းသည် ရှေ့တန်းသို့ မရောက်ခဲ့ကြောင်း အမေရိကန် မီဒီယာများက သြဂုတ်လတွင် ဖော်ပြခဲ့ပါသည်။