ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံ ရာခိုင်နှုန်း ၄၀ ပျက်စီးမှုခံခဲ့ရသည်ဟု ယူကရိန်း သမ္မတ ဆို

(GMT+08:00)2022-11-02 15:52:21  

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးသည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ရက်နေ့က ကိဗ်မြို့တွင် ဥရောပစွမ်းအင်ကော်မရှင်နာ Kadri Simson နှင့် တွေ့ဆုံရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံ ရာခိုင်နှုန်း ၄၀ ပျက်စီးမှုခံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ပိုင်း ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံ ရာခိုင်နှုန်း ၃၀ ပျက်စီးမှုခံခဲ့ရကြောင်း အောက်တိုဘာလ ၁၈ရက်နေ့က ပြောကြားခဲ့ဖူးပါသည်။