ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့က ဆီးရီးယားနိုင်ငံ Dayraz-Zawr ပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသရှိ Jadid al-Bakara မြို့နယ်မှ အရပ်သူအရပ်သားများသည် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ရာ အမေရိကန်ကျောထောက်နောက်ခံပြုသော ဆီးရီးယားအတိုက်အခံပါတီ လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့” ၏ တရားမဝင်လုပ်ရပ်များကို ဆန့်ကျင်ပြီး ၎င်းတို့ကို အဆိုပါဒေသမှ နှင်ထုတ်ရန် တောင်းဆိုခဲ့သည်။
ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့က ဆီးရီးယားနိုင်ငံ Dayraz-Zawr ပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသရှိ Jadid al-Bakara မြို့နယ်မှ ဒါဇင်နှင့်ချီသော အရပ်သူအရပ်သားများသည် ယင်းမြို့နယ်မှ အဓိကလမ်းဆုံတွင် တာယာများနှင့် ကျောက်တုံးကြီးများကိုမီးရှို့ပြီး အမေရိကန် ကျောထောက်နောက်ခံပြုသော ဆီးရီးယားအတိုက်အခံပါတီ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့၏ ဒေသခံပြည်သူများကို ပြန်ပေးဆွဲ သတ်ဖြတ်ခြင်း၊ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ ရေနံအပါအဝင် သယံဇာတများကို အမေရိကန်နှင့်အတူ တရားမဝင် သိမ်းပိုက်ခိုးယူခြင်းနှင့် ဒေသခံလုံခြုံရေးအခြေအနေ ဆိုးဝါးစေခြင်းလုပ်ရပ်များကို ဆန့်ကျင်ကြသည်။ ဒေသခံပြည်သူများသည် “ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့” အနေနှင့် ပြစ်မှုကျူးလွန်မှုများကို အမြန်ဆုံး ရပ်စဲပြီး ယင်းဒေသမှ ထွက်ခွာရန် တောင်းဆိုကြသည်။