ရှီကျင့်ဖိန်သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်နှင့် တွေ့ဆုံ

(GMT+08:00)2022-11-02 17:19:40  

တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပီကင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်နေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်နှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အရေးကြီးသော အောင်မြင်မှုများကို မိတ်ဆက်ခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တံခါးဖွင့်မူဝါဒကို ဆက်လက်ကျင့်သုံးပြီး ပါကစ္စတန် အပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဆက်လက်ပေးဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှာဘတ်ဇ်က ပါကစ္စတန်-တရုတ် all-weather မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေခြင်းသည် ပါကစ္စတန်၏ နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်ဖြစ်ပြီး အလွှာပေါင်းစုံတို့၏ သဘောတူညီမှုလည်း ဖြစ်ကြောင်း၊ ပါကစ္စတန်၏ ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် အဖိုးတန် အကူအညီပေးပြီး ပါကစ္စတန် ရေကြီးမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ရက်ရောသည့် ကူညီမှုများအတွက် တရုတ်အစိုးရနှင့် ပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။