ရုရှားနိုင်ငံသည် ပိတ်ဆို့အရေးယူမှုများခံခဲ့ရသော်လည်း စီးပွားရေးဆိုင်ရာ အဆင်မပြေ သော အခြေအနေကိုကျော်လွှားပြီဟု ရုရှားဝန်ကြီးချုပ်ဆို

(GMT+08:00)2022-11-02 15:52:52  

ရုရှားနိုင်ငံဝန်ကြီးချုပ် Mishustin က  ပိတ်ဆို့အရေးယူမှုပေါင်း ၁၂၀၀၀ ကျော် ခံခဲ့ရသော်လည်း ရုရှားနိုင်ငံသည် အဆင်မပြေသော အခြေအနေကို ကျော်လွှားပြီဖြစ်ပြီး စီးပွားရေးအခြေအနေ တည်ငြိမ်လာစေကြောင်း၊ ထို့အပြင် ရုရှားအစိုးရသည် စားသုံးသူ များ၏ ဝယ်လိုအား ပြန်လည်ရရှိရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အစီအမံများကို လုပ်ဆောင်လျက် ရှိနေသေးကြောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရထိပ်သီးခေါင်းဆောင် (ဝန်ကြီးချုပ်များ)ကောင်စီ (၂၁) ကြိမ်မြောက် အစည်းအဝေး တွင် ပြောကြားခဲ့သည်ဟု ရုရှား TASS သတင်းဌာနက နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။