အမေရိကန်နယူးဂျာစီတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဝန်ထမ်း ၂ ဦး သေဆုံး

(GMT+08:00)2022-11-02 15:58:07  

ယခုလ ၁ ရက်နေ့က အမေရိကန် နယူးဂျာစီပြည်နယ် နယူးဝေါ့ခ်မြို့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး ရဲဝန်ထမ်း ၂ ဦးသည် ဥပဒေကျင့်သုံးရာတွင် သေဆုံးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      သတင်းအရ ရဲဝန်ထမ်းသည် ထိုနေ့ နေ့လယ် ၂ နာရီလောက်က နေအိမ်တစ်ခု၌ စုံစမ်းစစ်ဆေးရေး ဝရမ်းကို ကျင့်သုံးနေချိန်တွင် သံသယရှိသူက မြင့်သောနေရာမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်အထိ သံသယရှိသူ ထွက်ပြေးနေဆဲဖြစ်ပြီး FBI အပါအဝင် ဥပဒေကျင့်သုံးရေးဌာန အများအပြားသည် ပစ်ခတ်မှုဖြစ်ပွါးရာနေရာကို စုံစမ်းလျက်ရှိကြောင်း သိရပါသည်။