၂၀၂၂ ခုနှစ် အောက်တိုဘာလသည် ပြင်သစ်မှတ်တမ်းတွင် အပူဆုံးသော အောက်တိုဘာလဖြစ်လာ

(GMT+08:00)2022-11-02 15:54:15  

၂၀၂၂ ခုနှစ် အောက်တိုဘာလသည် ၁၉၄၅ ခုနှစ်က ပြင်သစ်နိုင်ငံ မိုးလေဝသ မှတ်တမ်း စတင်ခဲ့သည့်နောက်ပိုင်း အပူဆုံးသောအောက်တိုဘာလဖြစ်ပြီး အလားတူနှစ်ပိုင်း ပျမ်းမျှအပူချိန် ကထက် ၃.၅ ဒီဂရီစင်တီဂရိတ်ခန့် မြင့်တက်လာကာ ပြင်သစ်တစ်နိုင်ငံလုံး နေ့ပိုင်းပျမ်းမျှ အမြင့်ဆုံး အပူချိန်မှာ ၂၂ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိခဲ့ကြောင်း ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ ရက်နေ့က ပြင်သစ် မိုးလေဝသဌာနမှ ကြေညာသည်။