လီခေ့ချန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရထိပ်သီး ခေါင်းဆောင်(ဝန်ကြီးချုပ်များ)ကောင်စီ ၂၁ ကြိမ်မြောက် အစည်းအဝေးကိုကြီးမှူး ကျင်းပမည်

(GMT+08:00)2022-11-01 13:08:44  

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရထိပ်သီး ခေါင်းဆောင် (ဝန်ကြီးချုပ်များ)ကောင်စီ၏ ၂၁ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗီဒီယို ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်းမြို့တွင် ယင်းအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူ နိုင်ငံများမှ အစိုးရထိပ်သီးခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အမြဲတမ်းအဖွဲ့အစည်းများ၊ စက်မှုကုန်သွယ်ရေး လုပ်ငန်း ကော်မတီ၊ ဘဏ်လုပ်ငန်းစုများမှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအာရှပစိဖိတ် စီးပွားရေး လူမှုရေး ကော်မရှင်(ESCAP)စသည့် နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါသည်။