အပူပိုင်းမုန်တိုင်း Nalgae ကြောင့် ဖိလစ်ပိုင်တွင် လူ ၁၁၀ သေဆုံး

(GMT+08:00)2022-11-01 14:46:54  

ဖိလစ်ပိုင်နိုင်ငံတော်သဘာဝဘေးအန္တရာယ်လျှော့ချရေးကော်မတီက ယခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ အမှတ်(၂၂) အပူပိုင်းမုန်တိုင်း Nalgae ကြောင့် သေဆုံးသူ (၁၁၀)ဦးအထိ မြင့်တက်လာပြီး (၁၀၁)ဦး ဒဏ်ရာရရှိကာ (၃၃)ဦးပျောက်ဆုံးနေပြီး ဘေးသင့်သူ စုစုပေါင်း ၂၄သိန်းကျော်ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်တွင် နေအိမ် ၆၅၄၂ လုံးပျက်စီးခဲ့ပြီး မြို့ပေါင်း ၂၉၄ မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့ခဲ့ရကာ ၄င်းအနက် မြို့ ၁၄၀ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ပြီဟု သိရပါသည်။