အိန္ဒိယနိုင်ငံမှ တံတားပြိုကျရာနေရာတွင် ရေနောက်ကျိမှုကြောင့် ကယ်ဆယ်မှု ဆောင်ရွက်ရန် ခက်ခဲ

(GMT+08:00)2022-11-01 14:47:38  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ကေဘယ်ကြိုးတံတား ပြိုကျမှုဖြစ်ပွားပြီး တံတားပေါ်ကလူများ မြစ်ထဲသို့ ပြုတ်ကျခဲ့ခြင်းကြောင့် သေဆုံးသူဦးရေမှာ ၁၄၁ ဦးထက်မနည်း ရှိနေပြီဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိနေသည်။ မြစ်ရေ အနက်မှာ ၃ မီတာမှ ၁၀ မီတာအထိရှိပြီး နက်လွန်းလှသည် မဟုတ်ပေ။ လွန်ခဲ့သည့် ၆ လအတွင်း တံတားမွမ်းမံရေးကြောင့် တံတားအောက်ရှိ မြစ်ရေကို ဝိုင်းဝန်းတားထားသည့်အတွက် သေဆုံးသူများ၏ ရုပ်အလောင်းသည် မြစ်ထဲမျောသွားမည် မဟုတ်ပေ။ ကယ်ဆယ်ရေးအတွက် အကြီးဆုံးပြဿနာမှာ ရေနောက်ကျိမှုဖြစ်ကြောင်း China Media Group မှသတင်းအရ သိရပါသည်။