ရုရှားသည် ပင်လယ်နက် စားနပ်ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းကို ရပ်ဆိုင်းလိုက်ပြီ၊ ယူကရိန်းက စာချုပ်အရ ဆက်လက်ဆောင်ရွက်မည်ဟု ပြော

(GMT+08:00)2022-11-01 14:55:12  

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၃၁ ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ပင်လယ်နက် ဆိပ်ကမ်းမှတစ်ဆင့် လယ်ယာထွက်ကုန်ပစ္စည်းများ ပို့ဆောင်ရေးစာချုပ်တွင် သတ်မှတ်ထားသော လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို ယာယီရပ်ဆိုင်းပြီး ယင်းရေကြောင်းလိုင်းပေါ်ရှိ မည်သည့်သင်္ဘော၏ လုံခြုံရေးကိုမှ ရုရားဖက်သည် အာမ မခံပေးနိုင်ကြောင်း ဖော်ပြပါသည်။

ယူကရိန်းသမ္မတ Zelenskyy ကတော့ ပင်လယ်နက် ဆိပ်ကမ်းမှတစ်ဆင့် လယ်ယာထွက်ကုန်ပစ္စည်းများ ပို့ဆောင်ရေးစာချုပ်အရ ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားပါသည်။