Elon Musk မှ Twitter CEO အဖြစ် တရားဝင်တာဝန်ထမ်းဆောင်၊ သူ့ ကုန်သွယ်ရေးအင်ပါယာကို ပြည်လည်သုံးသပ်

(GMT+08:00)2022-11-01 14:46:16  

Tesla CEO ဖြစ်သူ Elon Musk သည် လက်ရှိ အချိန်တွင်Twitter CEO အဖြစ် တရားဝင်တာဝန်ထမ်းဆောင်ပြီဖြစ်သည်။ Twitter ၏ CEO နှင့် CFO တို့သည် ဆက်ရှိနေမည်မဟုတ်ကြောင်းနှင့် အဆင့်မြင့်အရာရှိအများအပြားကို Musk မှ ထုတ်ပယ် ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လူသိများသော Tesla အပြင် Musk သည် SpaceX၊ Neuralink၊ Hyperloop၊ The Boring Company နှင့် Open AI အပါအဝင် ကုမ္ပဏီများစွာ၏ တည်ထောင်သူ သို့မဟုတ် CEO ဖြစ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ခုနှစ်အထိ Musk နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် အွန်လိုင်းအကြောင်းအရာ ထုတ်ဝေဖြန့်ချိရေးဆော့ဖ်ဝဲ "Zip2"၊ အီလက်ထရွန်နစ် ငွေပေးချေမှု "X.com" နှင့် "PayPal" ဟုခေါ်သော ကုမ္ပဏီသုံးခုကို ဆက်တိုက်တည်ထောင်ခဲ့သည်။