ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ကေဘယ်ကြိုးတံတားပြိုကျမှုနှင့်ပတ်သက်၍ အိန္ဒိယသမ္မတ မူရ်မူနှင့် ၀န်ကြီးချုပ်မိုဒီတို့အား ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-11-01 20:02:59  

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ကေဘယ်ကြိုးတံတားပြိုကျမှုတွင် ကြီးမားသောလူသေကျေဒဏ်ရာရရှိမှုဖြစ်စေခြင်းနှင့်ပတ်သက်၍ အိန္ဒိယ သမ္မတ မူရ်မူ နှင့် ၀န်ကြီးချုပ်မိုဒီတို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

      ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံဂူဂျာရတ်ပြည်နယ်ရှိ ကေဘယ်ကြိုးတံတားပြိုကျပြီး အသေအပျောက်များ ပြင်းထန်စွာ ဖြစ်ပွားခြင်းကိုသိရှိရကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား သေဆုံးသူများ အတွက် လေးနက်စွာ ဝမ်းနည်းမိပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရသူများအား နှစ်သိမ့်အားပေးကြောင်း ဖေါ်ပြခဲ့သည်။

      ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်က မိုဒီထံဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။