ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြိုဆိုရန်အတွက် အားကစားကွင်းနှင့် ဟိုတယ် စသော အခြေခံ အဆောက်အအုံများ အဆင်သင့်ဖြစ်နေပြီ

(GMT+08:00)2022-11-01 14:54:25  

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကျင်းပရန် ရက်(၂၀)ကျော်သာ လိုတော့သည့် အခါသမယတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြိုဆိုရန်အတွက် အားကစားကွင်း၊ လေ့ကျင့်ရေးကွင်း၊ မြေအောက်ရထား နှင့် ဟိုတယ် စသော အခြေခံအဆောက်အအုံ များသည် အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီး လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး နှင့် ဧည့်ခံရေး စသော ဘက်များ၌လည်း အဆင်သင့်ဖြစ်နေသည်ဟု ကာတာနိုင်ငံက ပြောကြားကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကာတာကမ္ဘာ့ဖလားတွင် ပြိုင်ပွဲလက်ခံကျင်းပမည့် အားကစားကွင်း (၈)ကွင်းရှိပြီး (၇)ကွင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သီးသန့်အသစ်တည်ဆောက်ခြင်းဖြစ်၍ ကျန် (၁)ကွင်းကို အကုန်လုံး ပြုပြင်မွမ်းမံခဲ့ပြီဖြစ်သည်ဟု သတင်းအရ သိရပါသည်။