တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအောင်မြင်မှုနှင့် တရုတ်-ပါကစ္စတန် ဆက်ဆံရေးကို ပါကစ္စတန်ဝန်ကြီးချုပ်မှ မြင့်မားစွာ ချီးကျူးခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အင်မတန် ချီးကျူး

(GMT+08:00)2022-11-01 14:49:38  

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည့် ပါကစ္စတန်ဝန်ကြီးချုပ် Shahbaz Sharif သည် မကြာမီက တရုတ်မီဒီယာ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ရာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ၊ တရုတ်-ပါကစ္စတန် ဆက်ဆံရေးနှင့် တရုတ်-ပါကစ္စတန် စီးပွါးရေးစင်္ကြံ တည်ဆောက်ခြင်းကို အလွန်ချီးကျူးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကျင်းပပြီးနောက် တရုတ်ခရီးစဉ်အပေါ် ၄င်း၏မျှော်လင့်ချက်များကို ဖော်ပြခဲ့ကြောင်း၊ ကျောက်လိကျန်းက မိမိတို့သည် ဝန်ကြီးချုပ် Shahbaz Sharif၏ သဘောထားဖေါ်ပြချက်များကို အင်မတန် ချီးကျူးကြောင်း၊ ယင်းသည် ဝန်ကြီးချုပ်က တရုတ်ခရီးစဉ်ကို လွန်စွာအလေးထားခြင်းကို ဖော်ပြပြီး အဆင့်အတန်းမြင့်မားသော တရုတ်-ပါကစ္စတန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား လေးနက်သောချစ်ကြည်ရေးကိုလည်း ဖော်ပြခဲ့သည်ဟု ပြောကြားကြောင်း သိရပါသည်။