ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတအဖြစ် အရွေးခံခဲ့ရသော Lula ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-11-01 14:50:21  

အောက်တိုဘာလ ၃၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၏ သမ္မတအဖြစ်အရွေးခံခဲ့ရသောLuiz Inácio Lula da Silva ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့်ဘရာဇီးတို့သည် ဖွံဖြိုးဆဲနိုင်ငံကြီးနှင့် အရေးကြီးသော ထွန်းသစ်စ ဈေးကွက် နိုင်ငံအနေနှင့် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် တာဝန်များ ရှိကြောင်း၊ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး ထားရှိခဲ့သော ၄၈ နှစ်အတွင်း နှစ်နိုင်ငံအစိုးရ အဆက်ဆက်နှင့် လူမှု နယ်ပယ်အသီးသီးတို့၏ လက်တွဲကြိုးပမ်းမှုအောက်တွင် တရုတ်-ဘရာဇီးဆက်ဆံရေးသည် ရေရှည်တိုးတက်မှုရရှိခဲ့ပြီး နယ်ပယ်အသီးသီးတွင် အောင်မြင်မှုလည်း များစွာရရှိခဲ့ကြောင်း၊ မိမိသည် တရုတ်-ဘရာဇီးဆက်ဆံရေး တိုးတက်မှုကို လွန်စွာအလေးထားပြီး သမ္မတLulaနှင့်အတူ လက်တွဲကြိုးပမ်းကာ တရုတ်-ဘရာဇီး ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို အကျိုးဆောင်လိုကြောင်း ပြောကြားခဲ့သည်။