Mengtian စမ်းသပ်ခန်းသည် ထျန်ဟို အဓိကမော်ဂျူးနှင့်အောင်မြင်စွာ ချိတ်တွဲထားပြီ

(GMT+08:00)2022-11-01 13:10:03  

အောက်တိုဘာလ ၃၁ ရက်နေ့တွင် Mengtian စမ်းသပ်ခန်း လွှတ်တင်ရေး လုပ်ငန်းသည် ပြီးပြည့်စုံသော အောင်မြင်မှုရရှိခဲ့ပါသည်။ Mengtian စမ်းသပ်ခန်းသည် သတ်မှတ်ထားသော ပတ်လမ်းကြောင်းထဲသို့ တိကျစွာဝင်ရောက်ပြီးနောက် ပီကင်း စံတော်ချိန် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၄ နာရီ ၂၇မိနစ်တွင် ထျန်ဟို အဓိကမော်ဂျူးနှင့် အောင်မြင်စွာ ချိတ်တွဲထားပြီဖြစ်ပြီး ယင်းချိတ်တွဲမှုလုပ်ငန်းစဉ်တစ်ခုလုံးသည် ၁၃နာရီခန့် ကြာမြင့်ခဲ့ပါသည်။

ထိုနောက်တွင် Mengtian စမ်းသပ်ခန်းကို စီစဉ်ထားသည့်အတိုင်း ပြန်လည် လှည့်ကျမည်ဖြစ်ပြီး Mengtian စမ်းသပ်ခန်းသည် ထျန်ဟို အဓိကမော်ဂျူးနှင့် ဝင့်ထျန်းစမ်းသပ်ခန်းတို့နှင့်အတူ အာကာသစခန်း၏ " T " ပုံသဏ္ဍာန်ဖြစ်သော အခြေခံဖွဲ့စည်းပုံဖြစ်လာမည်ဖြစ်ပါသည်။