ပင်လယ်ပြင် လူသားချင်းစာနာထောက်ထားရေးစင်္ကြံ လုပ်ဆောင်မှု အစီအစဉ်နှင့် ပတ်သက်၍ ပင်လယ်နက်စားနပ်ရိက္ခာပို့ဆောင်ရေး ပူးတွဲညှိနှိုင်းရေးစင်တာ သဘော တူညီမှု ရရှိ

(GMT+08:00)2022-10-31 17:26:34  

အောက်တိုဘာလ ၃၁ ရက်နေ့ လင်းအားကြီးအချိန်တွင် အစ္စတန်ဘူလ်မြို့ အခြေစိုက်ပင်လယ်နက် စားနပ်ရိက္ခာပို့ဆောင်ရေး ပူးတွဲညှိနှိုင်းရေးစင်တာ၏ နောက်ဆုံးထုတ် ကြေညာချက်၌ ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂကိုယ်စားလှယ် အဖွဲ့ တို့သည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပင်လယ်ပြင် လူသားချင်း စာနာထောက်ထားရေးစင်္ကြံ လုပ်ဆောင်မှုအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြကြောင်း၊ ယူကရိန်းနိုင်ငံမှ ထွက်ခွာမည့် သင်္ဘော ၁၂ စင်း၊ ယူကရိန်းနိုင်ငံသို့ သွားရောက်မည့် သင်္ဘော ၄ စင်း အပါအဝင် သင်္ဘော ၁၆ စင်းသည် ၄င်းစင်္ကြံကို ဖြတ်ကျော်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ပင်လယ်နက်စားနပ်ရိက္ခာ ပို့ဆောင်ရေး ပူးတွဲညှိနှိုင်းရေးစင်တာ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေး ကျင်းပစဉ်အတောအတွင်း ရုရှားကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံအနေဖြင့် ပင်လယ်နက် ဆိပ်ကမ်းများမှတစ်ဆင့် လယ်ယာထွက်ကုန်များ ပို့ဆောင်ရေးအဆိုပြုချက်ကို အကန့်အသတ်မရှိဘဲ ဆိုင်းငံ့ကျင့်သုံးမည်ဖြစ်ကြောင်း၊ သို့သော်လည်း အရေးပေါ် ပြဿနာများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ တူရကီကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် ဆက်သွယ်မည်ဖြစ်ကြောင်း၊ ပူးတွဲညှိနှိုင်းရေးကော်မတီမှ ချက်ချင်းဆုံးဖြတ်လိုသော ပြဿနာနှင့်ပတ်သက်၍ ရုရှားနိုင်ငံအနေဖြင့် အွန်လိုင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ပါသည်။