စစ်တမ်းကောက်ယူမှုခံရသူ ၈၀ ရာခိုင်နှုန်းနီးပါးသည် အမေရိကန်၏ လက်ရှိ အခြေအနေ ထိန်းချုပ်နိုင်ခြင်းမရှိဟုယူဆထားကြောင်း အမေရိကန်မီဒီယာ ဖော်ပြ

(GMT+08:00)2022-10-31 17:22:54  

အမေရိကန် CBS အသံလွှင့်ကော်ပိုရေးရှင်းမှ ထုတ်ပြန်သည့် စစ်တမ်းကောက်ယူမှုရလဒ်အရ အမေရိကန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါးသည် အမေရိကန်နိုင်ငံ၏ လက်ရှိ အခြေအနေ သည် ထိန်းချုပ်နိုင်ခြင်းမရှိဟု ဖော်ပြခဲ့ကြောင်း သိရသည်ဟု အောက်တိုဘာလ ၃၀ရက်နေ့တွင် The Hill က သတင်းထုတ်ပြန်ခဲ့ပါသည်။

အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သောစစ်တမ်းတွင် စစ်တမ်း ကောက်ယူမှု ခံရသူများ ၇၉ ရာခိုင်နှုန်းသည် ၄င်းတို့နိုင်ငံ၏ အခြေအနေ"ထိန်းချုပ်နိုင်ခြင်းမရှိ"ဟုယူဆပြီး ၂၁ ရာခိုင်နှုန်းသည်  အခြေအနေ "ထိန်းချုပ်နိုင်သည်" ဟုယူဆကြောင်း၊ ထို့အပြင် သမ္မတဘိုင်ဒန်နှင့် ပတ်သက်လာလျှင် ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းကဘိုင်ဒန်သမ္မတအဖြစ် လုပ်ဆောင်ခဲ့သောအလုပ်များကို သဘောမတူကြောင်း သိရပါသည်။