CMG ”ခရီးစဉ်သစ်၊ အေးအတူပူအမျှအသိုက်အဝန်း” တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံအကြောင်း မိတ်ဆက်ပွဲကို ဇန်ဇီဘာလ်တွင် ကျင်းပ

(GMT+08:00)2022-10-31 17:17:27  

       ယခုလ ၂၆ ရက်နေ့က China Media Group  အာရှအာဖရိကစင်တာသည် ဇန်ဇီဘာလ်ဆိုင်ရာတရုတ်ကောင်စစ်ဝန်ရုံးနှင့် ဇန်ဇီဘာလ်သတင်းဌာနတို့နှင့်အတူ တန်ဇန်းနီးယား ဇန်ဇီဘာလ်မြို့တွင် ”ခရီးစဉ်သစ်၊အေးအတူပူအမျှအသိုက်အဝန်း” တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ အကြောင်း မိတ်ဆက်ပွဲကို ကျင်းပခဲ့ကြောင်း၊ ဇန်ဇီဘာလ်ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် ကျန်းကျိစင်း၊ ဇန်ဇီဘာလ် တော်လှန်ရေးအစိုးရ သတင်း၊ လူငယ်များ၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းရေးမှူး Fatma Hamad Rajab နှင့် ဇန်ဇီဘာလ်သတင်းဌာနမှူး Hassan KhatibuHassan စသည့် အစိုးရအရာရှိများ၊ တန်ဇန်းနီးယား အဓိကသတင်းမီဒီယာ ၂၀ ခုမှ တာဝန်ရှိသူများနှင့် သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ်ဘက်မှ ဧည့်သည်တော်များသည် တရုတ်ကွန်မြူနစ်ပါတီ  အကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံမှ အရေးကြီးသော အောင်မြင်မှုများ၊ အကျိုးသက်ရောက်မှုများနှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများကို မိတ်ဆက်ခဲ့ပြီး တက်ရောက်ပါဝင်သူများ၏ ချီးကျူးမှုများကိုလည်း ရရှိခဲ့ကြောင်း သိရပါသည်။