အိန္ဒိယနိုင်ငံတွင် တံတားပြိုကျမှုကြောင့် သေဆုံးသူ ၁၃၂ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-10-31 17:20:02  

အောက်တိုဘာလ ၃၁ရက်နေ့ အိန္ဒိယရဲဘက်မှ နောက်ဆုံးရ သတင်းအရ အိန္ဒိယ နိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်တွင် ကေဘယ်ကြိုးတံတားပြိုကျမှုကြောင့် သေဆုံးသူ ၁၃၂ ဦးအထိ မြင့်တက်လာခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

၃၀ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် မိုဘီဒေသရှိ Mechu မြစ်ကူးကေဘယ်ကြိုးတံတားတစ်ခု ရုတ်တရက် ကျိုးကျခဲ့ပြီး အခင်းဖြစ်ပွားသည့်အချိန်တွင် တံတားပေါ်တွင် လူရာနှင့်ချီ ရှိနေကြောင်း၊ အမျိုးသမီးနှင့် ကလေးများစွာအပါအဝင် လူများ မြစ်ထဲသို့ ပြုတ်ကျခဲ့ကြောင်း သတင်းအရ သိရပါသည်။