နေကမ္ဘာတွင် အပြုံးမျက်နှာပေါ်ပြီး မြေကမ္ဘာတွင် ဘူမိသံလိုက်မုန်တိုင်းဒဏ် ခံနိုင်ဖွယ်ရာရှိဟု အမေရိကန် မီဒီယာဆို

(GMT+08:00)2022-10-31 17:22:22  

       NASA နေရောင်ခြည် ဒိုင်းနမစ် နက္ခတ်မှ အောက်တိုဘာလ ၂၆ ရက်နေ့က ရိုက်ကူးသော ဓာတ်ပုံအရ နေကမ္ဘာ၏ လေထုထဲတွင် ဝိုင်းဝိုင်းမျက်လုံးတစ်စုံနှင့် တြိဂံပုံပါးစပ်ကဲ့သို့သော အနက်ရောင် အပြောက် ၃ ခုကိုပြသခဲ့ကြောင်း၊ နေကမ္ဘာမှ အဆက်မပြတ် လွှင့်နေသောဓာတ်အားသွင်းမှုန်လေးသည် တစ်နာရီလျှင် ကီလိုမီတာ ၁.၆ သန်းကျော် အရှိန်ဖြင့် အဆိုပါ အနက်ရောင် အပြောက်များမှတစ်ဆင့် အာကာသထဲသို့ စီးဆင်းသွားကြောင်း၊ ယင်းနေရောင်ခြည်မှုန်လေးသည် မြေကမ္ဘာသို့ ဦးတည်ပြီး တိုက်ခတ်နေခြင်းကြောင့် နေကမ္ဘာတွင် အပြုံးမျက်နှာတွေ့ရှိရကြောင်း အမေရိကန် စိတ်ဝင်စားဖွယ် သိပ္ပံပညာဝက်ဘ်ဆိုက်မှ သတင်းအရ သိရပါသည်။