Lula သည် ၂၀၂၂ ခုနှစ် ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

(GMT+08:00)2022-10-31 17:18:25  

ဒေသစံတော်ချိန် အောက်တိုဘာလ ၃၀ ရက်နေ့ညက ဘရာဇီး အဆင့်မြင့် ရွေးကောက်ပွဲတရားရုံး၏ စာရင်းဇယားအရ ဘရာဇီး စုံစမ်းစစ်ဆေးရေး အေးဂျင်စီတစ်ခု ၏ စာရင်းဇယားအရ အလုပ်သမားပါတီသမ္မတလောင်း Luis Inacio Lula da Silva သည် ယခုအကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

Lula သည် ၁၉၄၅ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ်က ဘရာဇီးအလုပ်သမားပါတီကို တည်ထောင်ခဲ့ကာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂နှစ် ဆက်တိုက် ဘရာဇီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် နိုင်ငံ့သမိုင်းတွင် ပထမဆုံးသော အလုပ်သမားသမ္မတဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် Lula သည် အကျင့်ပျက်ခြစားမှုစွဲဆိုချက်ဖြင့် ထောင်ချခံခဲ့ရပြီးနောက် ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၂၁ခုနှစ်တွင် Lula ၏ ယခင်ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ် ကို ဘရာဇီးတရားရုံးက တရားမ၀င်ဟုဆုံးဖြတ်ခဲ့သည်။